Skip to content

Condemnation အကြောင်း ကျမ်းစာအခန်းငယ်များ

10 အခန်းငယ် · 17 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုအခါ များစွာသောတန်ခိုးတော်ကို ပြတော်မူသောမြို့ရွာတို့သည် နောင်တမရသောကြောင့်၊ ထိုမြို့တို့ကို ဤသို့ကဲ့ရဲ့ပြစ်တင်တော်မူ၏။

  2. အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူ ကား၊ သင်တို့တွင်ပြသောတန်ဖိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင်ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာနှင့် လူးလျက်နောင်တ ရကြလိမ့်မည်။

  3. ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။

  4. အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကိုခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဘူး လျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။

  5. ။ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်သည် သောဒုံမြို့ထက်သာ၍ခံရလတံ့ဟု မိန့်တော်မူ၏။

  6. အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေးအော်ဟစ်ကြ။

  7. သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။

  8. ရွှေငွေလည်းအချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တဘက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်တို့အသားကိုစားလိမ့်မည်။ နောက်ဆုံးသောနေ့ရက်ကာလအဘို့ဘဏ္ဍာကို ဆည်းဖူးကြပြီတကား၊

  9. နားထောင်ကြ၊ သင်တို့လယ်ကွက်၌ ရိတ်သောသူတို့ကို လှည့်စား၍၊ အခမပေးဘဲနေသောကြောင့်၊ ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံသည်လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နားတော်ထဲသို့ဝင်လေပြီ။

  10. သင်တို့သည်မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့ နှလုံးကို မွေးမြူကြပြီ။