အကြောင်းအရာသို့ ကျော်သွားရန်

Condemnation အကြောင်း ကျမ်းစာအခန်းငယ်များ: Oppression

5 အခန်းငယ် · 17 ရှုထောင့်

"Condemnation" ကို ရှာဖွေရန်

Oppression အကြောင်း အခန်းငယ်များ

  1. အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေးအော်ဟစ်ကြ။

  2. သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။

  3. ရွှေငွေလည်းအချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တဘက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်တို့အသားကိုစားလိမ့်မည်။ နောက်ဆုံးသောနေ့ရက်ကာလအဘို့ဘဏ္ဍာကို ဆည်းဖူးကြပြီတကား၊

  4. နားထောင်ကြ၊ သင်တို့လယ်ကွက်၌ ရိတ်သောသူတို့ကို လှည့်စား၍၊ အခမပေးဘဲနေသောကြောင့်၊ ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံသည်လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နားတော်ထဲသို့ဝင်လေပြီ။

  5. သင်တို့သည်မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့ နှလုံးကို မွေးမြူကြပြီ။