Ancient Samaria အကြောင်း ကျမ်းစာအခန်းငယ်များ: The whole kingdom of Israel sometimes called
The whole kingdom of Israel sometimes called အကြောင်း အခန်းငယ်များ
သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့် လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက် အသက်ငယ်သော သင်၏ ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ျာဘက်၌နေသော သောဒုံမြို့ ဖြစ်၏။
ရှမာရိသည်လည်း၊ သင်ပြုမိသော ဒုစရိုက် တဝက်ကိုမျှမပြုမိ။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။
အိုရှမာရိ၊ သင်၏ နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သော သူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။
ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည် ၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ ရလိမ့်မည်။