Ancient Samaria အကြောင်း ကျမ်းစာအခန်းငယ်များ: Deliverance of, predicted
Deliverance of, predicted အကြောင်း အခန်းငယ်များ
ထိုအခါ ပရောဖက်တပါးသည် ဣသရေလ ရှင်ဘုရင်အာဟပ်ထံသို့လာ၍၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော။ သင့်လက်၌ ယနေ့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကို ဆင့်ဆို၏။
အာဟပ်ကလည်း၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်းဟု မေးလျှင်၊ မြို့ဝန်များ၏လုလင်တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ စစ်မှုကိုအဘယ်သူစီရင်ရမည်နည်းဟု မေးပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။