အကြောင်းအရာသို့ ကျော်သွားရန်

Afflictions Made Beneficial အကြောင်း ကျမ်းစာအခန်းငယ်များ: In furthering the gospel

10 အခန်းငယ် · 23 ရှုထောင့်

"Afflictions Made Beneficial" ကို ရှာဖွေရန်

In furthering the gospel အကြောင်း အခန်းငယ်များ

  1. ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌လှောင်ထား တတ်၏။

  2. ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိ တရားကို ဟောပြောကြ၏။

  3. ထိုမှတပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။

  4. နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။

  5. သခင်ဘုရား၏လက်ထောက်တော်သည် လူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။

  6. ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက၊ ပြုစု ရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။

  7. ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင်ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည်ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။

  8. ထိုကြောင့်ရွေးကောက်တော်မူသော သူတို့သည်၊ ထာဝရ ဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ သူတို့အဘို့ အရာရာကို ငါသည်းခံရ၏။

  9. ပဌမအချိန်၌ အပြစ်တင်ခွင့်ကိုဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏။

  10. သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှါ၊ သခင်ဘုရားသည် ငါ့ဘက်၌ နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်းသာကို ငါရ၏။