အကြောင်းအရာသို့ ကျော်သွားရန်

Afflictions Made Beneficial အကြောင်း ကျမ်းစာအခန်းငယ်များ: In exhibiting the power and faithfulness of God

6 အခန်းငယ် · 23 ရှုထောင့်

"Afflictions Made Beneficial" ကို ရှာဖွေရန်

In exhibiting the power and faithfulness of God အကြောင်း အခန်းငယ်များ

  1. ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်း သောဒုက္ခဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။

  2. သူ၏အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူ သည်ဖြစ်၍၊ တချောင်းမျှမကျိုးမပဲ့ရ။

  3. ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည် နိုင်အောင်ရှိသော်လည်း စိတ်မပျက်။

  4. ညှင်းဆဲခြင်းကိုခံရသော်လည်းဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်းဆုံးရာသို့မရောက်။

  5. သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်းငှါ။ ယေရှု၏ သေတော်မူခြင်းကိုအစဉ်မပြတ်ငါတို့၏ ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏။

  6. အဘယ်သို့နည်းဟူမူကား၊ ယေရှုသည်အသက်ရှင်တော်မူကြောင်းကို၊ ငါတို့၏သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားစေခြင်းငှါ၊ ငါတို့သည်အသက်ရှင်စဉ်တွင် ယေရှုကြောင့်သေခြင်းလက်သို့ အစဉ်အပ်နှံခြင်း ကို ခံရကြ၏။