Abishai အကြောင်း ကျမ်းစာအခန်းငယ်များ: Obtains water from the well of Bethlehem for David
Obtains water from the well of Bethlehem for David အကြောင်း အခန်းငယ်များ
ဗိုလ်စုအဝင်သုံးယောက်တို့သည် ဒါဝိဒ်ရှိရာ ကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့ သည် ရေဖိမ်ချိုင့်၌ တပ်ချလျက် ရှိကြ၏။
ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌လည်း တပ်ချကြ၏။
ဒါဝိဒ်ကလည်း တစုံတယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အား ပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊
ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ် ထံတော်သို့ဆောင်ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌ သွန်းလျက်၊
ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါ စေသော။ ကိုယ်အသက်ကို မနှမြောဘဲသွားသောသူတို့၏ အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ် အသက်ကို စွန့်စား၍ ဤရေကိုဆောင်ခဲ့ကြ ပြီဟုဆိုလျက် မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြုကြ၏။
ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက် တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာ တို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက် အဝင်နေရာရသတည်း။