အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေရမိအနာဂတ္တိကျမ်း 48:25ခရစ်တော် မပေါ်မီ 584 ခန့်

    မောဘ၏ဦးချိုသည် ပြတ်လေပြီ။ သူ၏လက်ရုံး သည် ကျိုးလေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။

  2. ယေရမိအနာဂတ္တိကျမ်း 48:26ခရစ်တော် မပေါ်မီ 584 ခန့်

    မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွား သောကြောင့် သူ့ကိုယစ်မူးစေကြလော့။ သူသည် မိမိ အန်ဖတ်၌ လူးလည်း၍ ကဲ့ရဲ့ခြင်းကို ခံရ၏။

  3. ယေရမိအနာဂတ္တိကျမ်း 48:27ခရစ်တော် မပေါ်မီ 584 ခန့်

    သင်သည်ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုးတို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ်ပါသည်တကား။

  4. ယေရမိအနာဂတ္တိကျမ်း 48:28ခရစ်တော် မပေါ်မီ 584 ခန့်

    မောဘပြည်၌နေသောသူတို့၊ မြို့တို့ကိုစွန့်၍ ကျောက်ကြား၌ နေကြလော့။ မြေတွင်းဝနားမှာ အသိုက် လုပ်တတ်သော ချိုးဝှက်ကဲ့သို့ ပြုကြလော့။

  5. ယေရမိအနာဂတ္တိကျမ်း 48:29ခရစ်တော် မပေါ်မီ 584 ခန့်

    မောဘ၏မာနကိုငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှား စော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း၊

  6. ယေရမိအနာဂတ္တိကျမ်း 48:30ခရစ်တော် မပေါ်မီ 584 ခန့်

    သူ၏ဒေါသအမျက်ထွက်ခြင်းကို ငါသိသည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွားသော စကားကို ပြောလျက်နှင့်၊ မိမိအလိုမပြည့်စုံရာဟု ထာဝရ ဘုရားမိန့်တော်မူ၏။

  7. ယေရမိအနာဂတ္တိကျမ်း 48:31ခရစ်တော် မပေါ်မီ 584 ခန့်

    ထိုကြောင့်၊ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည်။ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည်။ မောသပြည်တပြည်လုံးအတွက် ငိုကြွေး မည်။ ကိရဟရက်မြို့သားတို့အတွက် ညည်းတွားခြင်း ရှိရမည်။

  8. ယေရမိအနာဂတ္တိကျမ်း 48:32ခရစ်တော် မပေါ်မီ 584 ခန့်

    အိုစိဗမာစပျစ်နွယ်ပင်၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက်၊ သင့်အတွက် ငါသည် မျက်ရည် မျက်ရည်ကျမည်။ သင်၏အညွန့်တို့သည် ပင်လယ်ကိုလွန်၍၊ ယာဇာပင် လယ်တိုင်အောင်ရောက်ကြ၏။ ဖျက်ဆီးသောသူသည် သင်၏သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ၏။

  9. ယေရမိအနာဂတ္တိကျမ်း 48:33ခရစ်တော် မပေါ်မီ 584 ခန့်

    ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကိုမနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ။

  10. ယေရမိအနာဂတ္တိကျမ်း 48:34ခရစ်တော် မပေါ်မီ 584 ခန့်

    ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့တိုင်အောင်၎င်း၊ ဇောရမြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင်၎င်း သုံးနှစ်အသက်ရှိသော နွားမမြည် သံကဲ့သို့အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။

  11. ယေရမိအနာဂတ္တိကျမ်း 48:35ခရစ်တော် မပေါ်မီ 584 ခန့်

    မောဘပြည်၌မြင့်သော အရပ်ပေါ်မှာ ပူဇော် သောသူ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  12. ယေရမိအနာဂတ္တိကျမ်း 48:36ခရစ်တော် မပေါ်မီ 584 ခန့်

    ထိုကြောင့်၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက် မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ သူတို့ ဆည်းဖူးသော ဘဏ္ဍာဥစ္စာပျက်စီးပြီ။

  13. ယေရမိအနာဂတ္တိကျမ်း 48:37ခရစ်တော် မပေါ်မီ 584 ခန့်

    လူတိုင်းဆံပင်တိုလျက်၊ မုတ်ဆိတ်ကိုရိတ်လျက်၊ လက်၌ရှနလျက်၊ ခါး၌လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ၏။

  14. ယေရမိအနာဂတ္တိကျမ်း 48:38ခရစ်တော် မပေါ်မီ 584 ခန့်

    အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့၊ မောဘ ပြည်ကို ငါခွဲသောကြောင့်၊ မောဘပြည်အိမ်မိုးများ အပေါ်၌၎င်း၊ လမ်းများ၌၎င်း၊ ညည်းတွားမြည်တမ်း ခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  15. ယေရမိအနာဂတ္တိကျမ်း 48:39ခရစ်တော် မပေါ်မီ 584 ခန့်

    သူတို့ကလည်း၊ မောဘပြည်ပြိုပျက်လေပြီ တကား၊ ရှက်၍ဆုတ်သွားလေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘသည် အရှက်ကွဲ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက်၊ ပတ်လည်၌နေသော သူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်းဖြစ်ရလိမ့်မည်။

  16. ယေရမိအနာဂတ္တိကျမ်း 48:40ခရစ်တော် မပေါ်မီ 584 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကိုအုပ်မိုးလိမ့်မည်။

  17. ယေရမိအနာဂတ္တိကျမ်း 48:41ခရစ်တော် မပေါ်မီ 584 ခန့်

    မြို့တို့ကိုလုပ်ကြံ၍ ရဲတိုက်တို့ကို တိုက်ယူသော ကြောင့်၊ ထိုနေ့၌မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည်၊ သားဘွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံး ကဲ့သို့ဖြစ်ရလိမ့်မည်။

  18. ယေရမိအနာဂတ္တိကျမ်း 48:42ခရစ်တော် မပေါ်မီ 584 ခန့်

    မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွား သောကြောင့်၊ နောက်တဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည်။

  19. ယေရမိအနာဂတ္တိကျမ်း 48:43ခရစ်တော် မပေါ်မီ 584 ခန့်

    အိုမောဘအမျိုးသား၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက် လေပြီ။

  20. ယေရမိအနာဂတ္တိကျမ်း 48:44ခရစ်တော် မပေါ်မီ 584 ခန့်

    ကြောက်လန့်ဘွယ်သောအရာမှ ပြေးသော သူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ကျော့မိလိမ့်မည်။ ဆုံးမ ခြင်းကိုခံရသော နှစ်ကာလကို မောဘပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  21. ယေရမိအနာဂတ္တိကျမ်း 48:45ခရစ်တော် မပေါ်မီ 584 ခန့်

    ပြေးသောသူတို့သည်အားကုန်သောကြောင့်၊ ဟေရှဘုန်မြို့အရိပ်ကို ခိုကြသော်လည်း၊ ရှိဟုန်ဘုရင် နေရာဟေရှဘုန်မြို့မှ မီးလျှံထွက်သဖြင့်၊ မာနထောင် လွှားသောသူတို့၏ အထွဋ်မှစ၍ မောဘပြည်စွန်း တိုင်အောင် လောင်လိမ့်မည်။

  22. ယေရမိအနာဂတ္တိကျမ်း 48:46ခရစ်တော် မပေါ်မီ 584 ခန့်

    အိုမောဘပြည်၊ သင်သည်အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ သင်တို့၏ သားသမီးများကို သိမ်းသွင်း ကြပြီ။

  23. ယေရမိအနာဂတ္တိကျမ်း 48:47ခရစ်တော် မပေါ်မီ 584 ခန့်

    သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော မောဘ အမျိုးသားတို့ကို နောင်ကာလ၌ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရ သော အပြစ်တရားပေတည်း။

  24. ယေရမိအနာဂတ္တိကျမ်း 49:1ခရစ်တော် မပေါ်မီ 583 ခန့်

    အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိ သလော။ အမွေခံမရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့် တို့သည် ဂဒ်မြို့တို့၌အဘယ်ကြောင့် နေကြသနည်း။

  25. ယေရမိအနာဂတ္တိကျမ်း 49:2ခရစ်တော် မပေါ်မီ 583 ခန့်

    ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့ နေရာရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံ ကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူသော သူတို့၏ နေရာကို၊ ဣသရေလသည် တဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။