အကြောင်းအရာသို့ ကျော်သွားရန်

Gibeon

35 verses · 2 known names

အခြားအမည်: Gibeonite

31.8400, 35.1800 Google Maps တွင် ကြည့်ရန်

Gibeon ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဒါဝိဒ်သည် ပြု၍ ဖိလိတ္တိလူတို့ကို ဂိဗောင်မြို့မှ သည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။

  2. မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တခါ ညဦးတခါ ထာဝရဘုရားအား မီးရှို့ ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရ ဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ပါသမျှ အတိုင်း ပြုစေခြင်းငှါ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ် မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရော ဟိတ်ဇာဒုတ်နှင့် သူ၏ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။

  3. တော၌မောရှေလုပ်ခဲ့သော ထာဝရဘုရား၏ တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်သည်၊ ထိုကာလ၌ ဂိဗောင် မြို့၌ မြင့်သောအရပ်ပေါ်မှာရှိ၏။

  4. တော၌ ထာဝရဘုရား၏ကျွန် မောရှေလုပ်ခဲ့ သော ဘုရားသခင်၏ပရိသတ်စည်းဝေးရာ တဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ ရှိသည်ဖြစ်၍ ထိုအရပ် သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ၏။

  5. ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှ သည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ၏။

  6. သူတို့နောက်မှ၊ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ ၏။

  7. ဂိဗောင်အမျိုးသား ကိုးဆယ်ငါးယောက်၊

  8. ထိုနှစ်တည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိ နန်းစံ စတုတ္ထနှစ်၊ ပဉ္စမလတွင်၊ ဂိဗောင်မြို့နေ၊ အာဇု ရသားဟာနနိက၊

  9. လူအပေါင်းတို့ကို ခေါ်၍၊ နာသနိသား ဣရှ မေလကိုတိုက်ခြင်းငှါ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နား မှာတွေ့လေ၏။

  10. ထိုသို့အဟိကံသား ဂေဒလိကို သတ်ပြီးသည် နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသား ဣရှမေလလက်မှ ၎င်း၊ မိဇပါမြို့မှ၎င်းနှုတ်၍ ကျန်ကြွင်းသော သူတည်း ဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ် များ၊ မိန်းမစိုးများ အပေါင်းတို့ကို ဂိဗောင်မြို့မှ ဆောင်ခဲ့ ပြန်၍၊