အကြောင်းအရာသို့ ကျော်သွားရန်

Geshur

9 verses · 2 known names

အခြားအမည်: Geshurites

33.0000, 36.4100 Google Maps တွင် ကြည့်ရန်

Geshur ကို ဖော်ပြသော အခန်းငယ်များ

  1. သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ၏။

  2. ဒုတိယသားကား၊ နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း။ တတိယသားကား၊ ဂေရှုရိရှင်ဘုရင်တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။

  3. အဗရှလုံသည် ပြေး၍ ဂေရှုရမင်းကြီးအမိ ဟုဒ်သားတာလမဲထံသို့ သွား၏။ ဒါဝိဒ်သည် မိမိသား ကြောင့် နေ့တိုင်းငိုကြွေးမြည်တမ်းလေ၏။

  4. အဗရှလုံသည် ဂေရှုရမြို့သို့ ပြေးပြီးမှ သုံးနှစ် နေ၏။

  5. ထိုနောက် ယွာဘသည်ထ၍ ဂေရှုရမြို့သွားသဖြင့်၊ အဗရှလုံကို ယေရုရှလင်မြို့သို့ဆောင်ခဲ့လေ၏။

  6. အဗရှလုံက၊ ငါသည် ဂေရှုရမြို့မှအဘယ်ကြောင့် လာရသနည်း။ ထိုမြို့၌ ယခုတိုင်အောင် နေကောင်းသည်ဟု လျှောက်စေခြင်းငှါ၊ သင့်ကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်ဟု ငါခေါ်၏။ ယခုမှာ ရှင်ဘုရင်၏ မျက်နှာတော်ကို ငါမြင်ရပါစေ။ အပြစ်ရှိလျှင် သတ်တော်မူပါစေဟု ယွာဘအား ပြောဆိုသော်၊

  7. ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာဂတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင်၊

  8. ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။

  9. တတိယသားကား၊ ဂေရှုရရှင်ဘုရင် တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သား အဒေါနိယတည်း။