အကြောင်းအရာသို့ ကျော်သွားရန်

Moses

774 အခန်းငယ် · 7 မိသားစုဝင်

Moses ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မောရှေသည် မိမိလက်ထောက်ယောရှုနှင့် အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။

  2. မောရှေသည် တောင်တော်ပေါ်သို့တက်၍၊ မိုဃ်းတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။

  3. ထာဝရဘုရား၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုဃ်းတိမ်သည် ခြောက်ရက်ပတ်လုံး လွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုဃ်းတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကို ခေါ်တော်မူ၏။

  4. မောရှေသည် မိုဃ်းတိမ်အထဲသို့ ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာ နေလေ၏။

  5. ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊

  6. တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊

  7. တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊

  8. တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊

  9. တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသော ငါးခွံ၊ ဂါလဗန်စေး၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ၍၊

  10. တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊

  11. တဖန်ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  12. ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။

  13. မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန် ထံသို့ စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ၏။

  14. ထာဝရဘုရားက၊ သင်သည် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏ လူတို့သည် ဖေါက်ပြန်ကြပြီ။

  15. ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။

  16. မောရှေကလည်း၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။

  17. မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်က ဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက် ရှိ၏။

  18. လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေ အား ဆို၏။

  19. အာရုန်ကိုလည်းခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက် ကြီးသော အပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌ အဘယ်သို့ ပြုသနည်းဟု မေးလျှင်၊

  20. သူတို့ကလည်း၊ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အား ပြောဆိုကြလျှင်၊

  21. ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာ အချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊

  22. တပ်တံခါးဝမှာ ရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌ စည်းဝေးကြ၏။

  23. မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည် ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက် သေကြ၏။

  24. တဖန် မောရှေက၊ ထာဝရဘုရားသည် ယနေ့ ကောင်းကြီးပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီး ကိုယ်သား၊ ကိုယ်ညီအစ်ကိုကို ထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ ကိုယ်ကို ချီးမြှောက်ကြ ပြီးဟု ဆိုလေ၏။

  25. နက်ဖြန်နေ့၌လည်း၊ သင်တို့ ပြစ်မှားသော အပြစ် ကြီးလှ၏။ ယခုမှာ ထာဝရဘုရား အထံတော်သို့ ငါတက်သွား၍၊သင်တို့ အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အား ဆိုပြီးမှ၊