အကြောင်းအရာသို့ ကျော်သွားရန်

Jesus

3,872 အခန်းငယ် · 6 မိသားစုဝင်

အခြားအမည်: Jesus Christ, Immanuel, Emmanuel, Christ

Jesus ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊ သူတပါးတို့ သည် ယေရှုခရစ်အဘို့အလိုငှါ ငါတို့၌ ကောင်းသောအရာ ရှိသမျှတို့ကို ဝန်ခံမည်အကြောင်း ဆုတောင်း ပဌနာပြု၏။

  2. ထိုကြောင့်၊ သင်သည်ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှါ၊ ငါသည် ခရစ်တော်အားဖြင့် အလွန် ရဲရင့်စရာ အခွင့်ရှိသော်လည်း၊

  3. အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။

  4. ထိုသို့ဆိုသော်၊ အစေခံ ကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်၎င်း၊ သခင်ဘုရားအားဖြင့်၎င်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။

  5. အချင်းငါ့ညီ၊ သခင်ဘုရား၌ငါ့ကို ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့။

  6. ယေရှုခရစ်ကြောင့် ငါနှင့်အတူ အကျဉ်းခံရသော ဧပဖြမှ စ၍၊

  7. ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။ ဖိလေမုန်ဩဝါဒစာပြီး၏။

  8. ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင် အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။

  9. ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော် ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။

  10. ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သော သူဖြစ်တော်မူ၏။

  11. အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွါးစေပြီဟူ၍၎င်း၊ ငါသည်သူ၏ အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည် ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူသနည်း။

  12. တနည်းကား၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင် တမန်အပေါင်းတို့သည် ထိုသူကို ပြတ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။

  13. တနည်းကား၊ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါးတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူထ သောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။

  14. သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။

  15. ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း။

  16. တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။

  17. ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိ သမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း၊

  18. ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။

  19. ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေ လော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူဘူးသနည်း။

  20. အစအဦး၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။

  21. ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန်တို့၌ အပ်ပေးတော်မူ သည်မဟုတ်၊

  22. ကျမ်းစာတချက်၌ တယောက်သောသူက၊ လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူ ဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။

  23. သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ။ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊

  24. ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသော အရာတို့ကို ချထားတော်မူ၏ဟုဆိုသော်၊ မချမထားဘဲ ကျန်ရစ်သောအရာတစုံတခုမျှ မရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး။

  25. ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့ မြင်ကြ၏။