အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နှမြောစုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါ ထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြ လိမ့်မည်။

  2. စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော် လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။

  3. သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကိုညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရားအမျက်ထွက် တော်မူသော ကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင်။ သူတို့အလိုဆန္ဒကို မဖြေ နိုင်။ ဝစွာမကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။

  4. သူတို့၌ တင့်တယ်သောတန်ဆာအားဖြင့် သူတို့ မာနကို တိုးပွါးစေ၍၊ သူတို့၌ စက်ဆုပ်ဘွယ်သော ရုပ်တု ဆင်းတုတို့ကို၎င်း၊ ရွံ့ရှာဘွယ်သော အရာတို့ကို၎င်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှါ ငါစီရင်မည်။

  5. တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့ သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။

  6. ငါလည်းမျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ထားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။

  7. ထိုကြောင့်၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့၍၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့် မည်။ ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်း စေမည်။ သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည်။

  8. ရှင်ဘုရင်သည် ညည်းတွားခြင်း မြည်တမ်း လိမ့်မည်။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရ လိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ ငါပြု မည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  9. သက္ကရာဇ်ခြောက်ခု၊ ဆဌမလ၊ ငါးရက်နေ့တွင်၊ ငါသည်ကိုယ် အိမ်၌ထိုင်၍၊ ယုဒအမျိုးအသက်ကြီးသူတို့ သည် ငါရှေ့မှာ ထိုင်ကြစဉ်၊ အရှင်ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ၏။

  10. ထိုအခါ ငါကြည့်ရှု၍၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဍာန်သည် ထင်ရှား၏။ ခါးသဏ္ဍာန်မှသည် အောက် ပိုင်း၌ မီးအရောင်ကဲ့သို့၎င်း၊ အထက်ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့၎င်း ထင်ရှား၏။

  11. လက်သဏ္ဍာန်ကိုဆန့်၍ ငါ၏ဆံပင်တစုကို ကိုင်လျက်၊ ဝိညာဉ်တော်သည် ငါ့ကိုမြေနှင့်မိုဃ်းကောင်း ကင်ကြားမှာ ချီကြွ၍၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့မြောက်မျက်နှာအတွင်း တံခါးဝသို့၊ ဘုရားသခင်၏ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏။

  12. လွင်ပြင်၌ အရင်ငါမြင်ဘူးသော ဗျာဒိတ်ရူပါရုံ ကဲ့သို့၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ထင်ရှား၏။

  13. အချင်းလူသား၊ မြောက်လမ်းသို့ မျှော်ကြည့် လော့ဟု မိန့်တော်မူသည်အတိုင်း၊ မြောက်လမ်းသို့ ငါမျှော်ကြည့်၍၊ မြောက်မျက်နှာ၊ ယဇ်ပလ္လင်တံခါးဝ၌ အမျက်တော်ကို နှိုးဆော်သော် ရုပ်တုရှိ၏။

  14. တဖန်တုံ၊ အချင်းလူသား၊ ငါသည် ငါ၏ သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှါ သူတို့ပြုကြ သောအမှု၊ ဤအရပ်၌ ဣသရေလအမျိုးပြုသော၊ အလွန် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကို မြင်ပြီလော။ တဖန် လှည့်၍သွားဦးလော့။ သာ၍ကြီးသော ရွံရှာဘွယ် အမှု တို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊

  15. တန်တိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား၍ ငါ ကြည့်ရှုသောအခါ၊ တန်တိုင်းရိုး၌ အပေါက်ကို မြင်လေ ၏။

  16. တဖန်တုံအချင်းလူသား၊ တန်တိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ၏။

  17. ဝင်လော့။ ဤအရပ်၌ ပြုကြသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း၊

  18. တဖန်တုံ၊ အချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့သည် မှောင်မိုက်ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီဟု ဆိုကြ၏။

  19. ဗိမာန်တော်မြောက်တံခါးဝသို့ ဆောင်သွား၍၊ ထိုအရပ်၌ မိန်းမတို့သည် တမ္မုဇနတ်အဘို့ ငိုကြွေးလျက် ထိုင်ကြ၏။

  20. အချင်းလူသား၊ ထိုအမှုကိုမြင်ပြီလော။ တဖန် လှည့်၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော် မူလျက်၊

  21. ထာဝရဘုရား၏အိမ်တော်အတွင်း တန်တိုင်းထဲ သို့ ဆောင်သွား၍၊ ဗိမာန်တော်တံခါး၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ၊ လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့မျက်နှာ ပြုလျက်၊ အရှေ့မျက်နှာ၌ နေကို ကိုးကွယ်ကြ၏။

  22. တဖန်တုံ၊ အချင်းလူသား၊ ထိုအမှုကို မြင်ပြီ လော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို ပြုသောအပြစ်ပေါ့သလော။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ် ထပ်နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍တိုင်ကြ၏။

  23. ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက်ကို လွှတ်လိုက်မည်။ သူတို့သည် ကျယ်သော အသံနှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နားမထောင်ဟု မိန့်တော်မူ၏။

  24. ဣသရေလအမျိုး၏ဘုရားသခင် ဘုန်းတော် သည် ကျိန်းဝပ်ရာ ခေရုဗိမ်မှအိမ်တော်တံခါးခုံသို့တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မှင်အိုးပါသော သူကို ခေါ်၍၊

  25. ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ ရှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍၎င်း၊