အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားကလည်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံသို့ဝင်၍၊

  2. မောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲ နေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကို မခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖါရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။

  3. သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည် အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့၎င်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရော မင်းထံသို့၎င်း စေခိုင်းမှာထားတော်မူ၏။

  4. ထာဝရဘုရားက ဣသရေလအမျိုးသား ဗိုလ်ပါတို့ကို အဂုတ္တုပြည်မှ နှုတ်ဆောင်လော့ဟု မိန့်တော်မူ သောစကားကို ခံသောသူ၊

  5. အဲဂုတ္တုပြည်မှာ ထာဝရဘုရားသည်၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက်၌လည်း၊

  6. ငါသည် ထာဝရဘုရားဖြစ်၏။ ငါမှာလိုက်သမျှတို့ကို၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းအား ပြန်ပြောရမည် ဟု မောရှအား ထာဝရဘုရား မိန့်တော်မူ၏။

  7. မောရှေကလည်း၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ်၍၊ ဖါရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။

  8. ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖါရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကို အာရုန်သည်၊ သင်၏ပရောဖက် ဖြစ်ရလိမ့်မည်။

  9. ငါမိန့်တော်မူသမျှတို့ကို သင်သည် ပြန်ပြောရမည်။ ဖါရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌လျှောက်ရမည်။

  10. ငါသည်လည်း ဖါရောမင်း၏ နှလုံးကို ခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို များပြားစေမည်။

  11. သို့သော်လည်း ဖါရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက် ကို အဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည်။

  12. ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင် သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

  13. မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်းပြုကြ၏။

  14. တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊

  15. မောရှနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြုသဖြင့်၊ အာရုန်သည် ဖါရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချ၍ မြွေဖြစ်လေ၏။

  16. ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နား မထောင်ဘဲနေ၏။

  17. ထာဝရဘုရားကလည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။

  18. ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည် တကား။

  19. ထာဝရဘုရားက၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့်မည်။

  20. တဖန် ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသော ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည် တရှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှ မကြွင်း အသွေး ရှိလိမ့်မည်အကြောင်းကို ပြောလော့ဟု မိန့်တော်မူ၏။

  21. မောရှေနှင့် အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြု၍၊ အာရုန်သည် ဖါရောဘုရင် ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ၏။

  22. အဲဂုတ္တုအမျိုးသား ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။

  23. ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ်၍ ခုနစ်ရက်ကို လွန်စေတော်မူ၏။

  24. ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင်ထံသို့ဝင်၍ ငါ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့။

  25. မလွှတ်ဘူးဟုငြင်းလျှင်၊ သင်၏ပြည်တရှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။