God
God ကို ဖော်ပြသော အခန်းငယ်များ
ယခုတွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ဘိုးဘေးများ၌ တရား သဖြင့် ပြုတော်မူသောအမှုတို့ကို ထာဝရဘုရား ရှေ့တော်မှာ သင်တို့အား ငါဆွေးနွေး ဟောပြောမည်။
ယာကုပ်သည် အဲဂုတ္တုပြည်သို့ ရောက်၍၊ သင်တို့ဘိုးဘေးတို့သည် ထာဝရဘုရားအား အော်ဟစ်သော အခါ၊ မောရှေနှင့် အာရုန်ကို စေလွှတ်သဖြင့် ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ဤပြည်၌ နေရာချတော်မူ၏။
သူတို့၏ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သောအခါ၊ ဟာဇော် ဗိုလ်ချုပ်မင်း သိသရလက်သို့ ၎င်း၊ ဖိလိတ္တိလူတို့ လက်သို့၎င်း၊ မောဘရှင် ဘုရင်လက်သို့၎င်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏ တိုက်ဖျက်ခြင်းကို ခံရကြ၏။
တဖန်သူတို့သည် ထာဝရဘုရားအား အော်ဟစ်လျက်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စွန့်၍၊ ဗာလ ဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုသဖြင့် ပြစ်မှားပါပြီ။ သို့ရာတွင် ရန်သူလက်မှ ကယ်ချွတ် တော်မူပါ။ ကိုယ်တော်ကို ဝတ်ပြုပါမည်ဟု လျှောက်ကြသောအခါ၊-
ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗာရက်၊ ယေဖသ၊ ရှမွေလတို့ကို စေလွှတ်၍၊ ပတ်ဝန်းကျင် ရန်သူတို့ လက်မှ ကယ်နှုတ်တော်မူသဖြင့် သင်တို့သည် ဘေးလွတ်ရကြ၏။
နောက်တဖန် အမ္မုန်အမျိုးသားရှင်ဘုရင် နာဟတ်သည် စစ်ချီမည်အကြောင်းကို သိသောအခါ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မဟုတ်၊ ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို အုပ်စိုးရမည်ဟု သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ရှင်ဘုရင် လုပ်လျက်ပင် ငါ့အား လျှောက်ထားကြ၏။
ယခုမှာ သင်တို့လိုချင်၍ ရွေးချယ်သော ရှင်ဘုရင်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် သင်တို့ အပေါ်မှာ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ချီးမြှောက်တော်မူပြီ။-
သင်တို့သည် ထာဝရဘုရားကို ကြောက်ရွံ့၍ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကား တော်ကို နားထောင်လျှင် သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။
သို့မဟုတ် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ အာဏာတော်ကို ဆန်လျှင်၊ ထာဝရ ဘုရား၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတားသကဲ့သို့ သင်တို့ကို ဆီးတားတော်မူလိမ့်မည်။
ယခုမှာ သင်တို့ မျက်မှောက်၌ ထာဝရဘုရားပြုတော်မူ လတံ့သော အမှုကြီးကို ငြိမ်ဝပ်စွာ နေ၍ ကြည့်ရှုလော့။
ယနေ့ ဂျုံစပါးရိတ်ရာ ကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း ၍ မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရ ကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊-
ထာဝရဘုရားကို ဆုတောင်း၍၊ ထိုနေ့၌ ထာဝရဘုရားသည် မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေ တော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။
လူအပေါင်းတို့က၊ ကိုယ်တော်၏ ကျွန်တို့သည် မသေရမည်ကြောင်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားအား ကိုယ်တော်ကျွန်တို့အဘို့ ဆုတောင်းတော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာ ထပ်၍ ဒုစရိုက်ကို ပြုမိပါပြီဟု ရှမွေလအား တောင်း ပန်ကြ၏။
ရှမွေလကလည်း မစိုးရိမ်ကြနှင့်။ ဤဒုစရိုက်အပေါင်းကို ပြုမိသော်လည်း၊ ထာဝရဘုရားနောက် တော်သို့ လိုက်ရာမှ မလွှဲကြနှင့်။ ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကြလော့။
ထာဝရဘုရားသည် မဟာနာမတော်ကို ထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ၌ ခန့်ထားခြင်းငှါ အလိုရှိတော်မူပြီ။
ငါမူကား သင်တို့အဘို့ ဆုမတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။
သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဘို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်တို အောက်မေ့ကြလော့။
ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေး ဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကို အနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။
ရှမွေလကလည်း သင်သည် မှားပြီ။ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလအမျိုး၌ သင်၏ အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။
ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သော သူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှါ ထာဝရဘုရား မိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မကျင့်ဟု ရှောလုအား ဆိုပြီးလျှင်၊
သင်တိုင်းဝတ်၍ ရှိလောမြို့၌ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဖြစ်သောသူ ဧလိနှင့် ဖိနဟတ်တို့ မှ ဆင်းသက်သော ဣခဗုဒ်၏အစ်ကို အဟိတုပ်၏သား အဟိယလည်း ရှိ၏။ ယောနသန်သွားကြောင်း ကို လူများ မသိကြ။
ယောနသန်က၊ အရေဖျားလှီးခြင်းကို မခံသော တပ်သားတို့ဆီသို့ သွားကြကုန်အံ့။ ထာဝရဘုရား သည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည်။ လူများသော်၎င်း၊ နည်းသော်၎င်း၊ ထာဝရ ဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတား မရှိနိုင်ဟု လက်နက်ဆောင် လုလင်အား ပြောဆိုလျှင်၊
သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော် မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
တပ်သားတို့က၊ လာကြ။ တစုံတခုကို ပြမည်ဟု ယောနသန်နှင့် လက်နက်ဆောင်လုလင်အားဆိုလျှင်၊ ယောနသန်က၊ ငါ့နောက်သို့ လိုက်လော့။ ထာဝရဘုရားသည် သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူပြီဟု လုအင်အား ဆိုသဖြင့်၊
ထိုကာလအခါ ဘုရားသခင်၏ သေတ္တာတော်သည် ဣသရေလအမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှော လုက၊ ဘုရားသခင်၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအား ဆို၏။