အကြောင်းအရာသို့ ကျော်သွားရန်

ဆာလံကျမ်း130

နက်နဲရာမှ အော်ဟစ်ခြင်း

1
အိုထာဝရဘုရား၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။
2
အို ထာဝရဘုရား၊ အကျွန်ုပ်၏ စကားသံကို ကြား၍၊ အကျွန်ုပ်ဆုတောင်းပဌနာပြုသံကို နားညောင်း တော်မူပါ။

ခွင့်လွှတ်ခြင်းသည် မျှော်လင့်ခြင်း၏ အုတ်မြစ်ဖြစ်သည်

3
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။
4
ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေ ခြင်းငှါ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်ရှည်စွာ စောင့်မျှော်ခြင်း

5
ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ် သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော် လင့်၏။
6
နံနက်ကိုမြော်လင့်သော သူတို့ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကို မြော်လင့်လျက်နေ၏။

ဣသရေလအတွက် မျှော်လင့်ခြင်းနှင့် ရွေးနုတ်ခြင်း

7
ဣသရေလအမျိုးသည် ထာဝရဘုရားကို မြော်လင့်ပါစေ။ အကြောင်းမူကား၊ ထာဝရဘုရား၌ ကရုဏာ ရှိ၏။ များစွာသော ရွေးနှုတ်ခြင်းကျေးဇူးရှိ၏။
8
ဣသရေလ အမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့ အထဲက ရွေးနှုတ်တော်မူလိမ့်မည်။
Use arrow keys to navigate
Settings

Reading Style

Typeface

Font Size 19px

Options