အကြောင်းအရာသို့ ကျော်သွားရန်

Intercessory Prayer အကြောင်း ကျမ်းစာအခန်းငယ်များ: Unavailing for the obstinately-impenitent

6 အခန်းငယ် · 43 ရှုထောင့်

Unavailing for the obstinately-impenitent အကြောင်း အခန်းငယ်များ

  1. ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည်စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်၎င်း၊

  2. ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။

  3. သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင့်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှ ငါနှင့်ထုတ်မည်။

  4. သင်သည်လည်း ဤလူမျိုးအဘို့ ပဌနာမပြုနှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏ စကားကို ငါနားမထောင်။

  5. ဤလူမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူတို့သည် လှည့်လည်ခြင်းငှါ အလွန်အလိုရှိကြ၏။ မိမိတို့ခြေကို မချုပ်တည်းကြ။ ထိုကြောင့်၊ ထာဝရဘုရားနှစ်သက်တော်မမူ။ သူတို့ ပြုသော ဒုစရိုက်ကို အောက်မေ့၍၊ သူတို့အပြစ်များ ကြောင့် စစ်ကြောတော်မူမည်။

  6. ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား၊ ဤလူမျိုးအဘို့ မေတ္တာပို့၍ ဆုမတောင်းနှင့်။