Skip to content
တောလည်ရာကျမ်း 32:34-42

အခြေချနေထိုင်ခြင်းနှင့် မြို့များတည်ခြင်း

တောလည်ရာကျမ်း 32:34-42
34
ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတရုတ်၊ အာရော်၊
35
အာတရုတ်၊ ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊
36
ဗက်နိမရာ၊ ဗေသာရန်မြို့များကို၎င်း၊ သိုးခြံများ ကို၎င်း တည်လုပ်ကြ၏။
37
ရုဗင်အမျိုးသားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊
38
နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ် သောအမည်ဖြင့် သမုတ်၍ တည်ကြ၏။
39
မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
40
မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။
41
မနာရှေအမျိုးသား ယာဣရသည်လည်း သွား၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရ အမည် ဖြင့် သမုတ်လေ၏။
42
နောဗာသည်လည်း သွား၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ် လေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options