အကြောင်းအရာသို့ ကျော်သွားရန်
ရှင်လုကာခရစ်ဝင် 2:8-20

သိုးထိန်းများနှင့် ကောင်းကင်တမန်များ

ရှင်လုကာခရစ်ဝင် 2:8-20
8
ထိုပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊
9
ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းတော်ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။
10
ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်း သာစရာသိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။
11
ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို ငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။
12
သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့် ပတ်ရစ်၍ နွားစာ ခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊
13
ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊
14
ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။
15
ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဘော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊
16
အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကို၎င်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသောသူငယ်ကို၎င်း တွေ့ကြ၏။
17
တွေ့မြင်ပြီးမှ မိမိတို့ကြားသောထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြားပြောကြ၏။
18
သိုးထိန်းတို့ပြောသောစကားကိုကြားသော သူရှိသမျှုတို့သည် အံ့ဩခြင်းရှိကြ၏။
19
မာရိသည်ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။
20
သိုးထိန်းတို့သည်လည်း မိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options