Skip to content
ကမ္ဘာဦးကျမ်း 25:12-18

ဣရှမေလ၏ အမျိုးအနွယ်

ကမ္ဘာဦးကျမ်း 25:12-18
12
စာရာ၏ကျွန်မ၊ အဲဂုတ္တု၊ အမျိုးသား ဟာဂရ ဘွားမြင်သော အာဗြဟံသား ဣရှမေလ၏ သားစဉ် မြေးဆက်တည်းဟူသော၊
13
မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နာဗာယုတ်။ ထိုနောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
14
မိရှမ၊ ဒုမာ၊ မာစ၊
15
ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှ၊ ကေဒမာတည်းဟူသော၊
16
ဣရှမေလသားတည်း။ ထိုသို့အမည်ရှိသော သူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက်၊ အမျိုးမျိုးသော မင်းဆယ်နှစ်ပါးဖြစ်သတည်း။
17
ဣရှမေလသည် အသက်တရာသုံးဆယ်ခုနစ်နှစ်ရှိသော်၊ အသက်ချုပ်၍သေသဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
18
သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်း အရှေ့၊ ရှုရမြို့ တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်းအနား၌ ကျသတည်း။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options