Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 18:28-34

ရာဇဝင်ချုပ်ဒုတိယစောင် 18:28-34

28
ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။
29
ဣသရေလရှင်ဘုရင်က၊ ငါသည် ခြားနားသော အယောင်ကို ဆောင်၍စစ်ပွဲထဲသို့ ဝင်မည်။ မင်းကြီးမူ ကား၊ မင်မြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှ ဖတ်အားဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနား သော အယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။
30
ရှုရိရှင်ဘုရင်က၊ ဣသရေလရှင်ဘုရင်မှတပါး၊ အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့ကိုမှာထားနှင့်သောကြောင့်၊
31
ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင်သောအခါ၊ ထိုသူသည် ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်ဟုဆိုလျက်၊ သူ့ကို တိုက်အံ့သောငှါ ဝိုင်းလာ ကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။ ထာဝရ ဘုရားလည်းမစ၍ သူတို့ကိုလွှဲသွားစေခြင်းငှါ၊ ဘုရား သခင်သွေးဆောင်တော်မူ၏။
32
ဣသရေလရှင်ဘုရင်မဟုတ်ကြောင်းကို၊ ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ၏။
33
လူတယောက်သည် မရွယ်ဘဲလေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို၊ သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲက လှည့်၍ ထုတ်ဆောင် လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကိုဆို၏။
34
ထိုနေ့၌တိုး၍တိုက်ကြ၏။ ဣသရေလရှင်ဘုရင် သည် ညဦးယံတိုင်အောင်၊ ရှုရိလူတဘက်တချက်၌ ရထားတော်ထဲမှာ လူကိုမှီ၍ထိုင်နေ၏။ နေဝင်ချိန်နီး သောအခါ အသက်တော်ကုန်၏။
Settings

Reading Style

Typeface

Font Size 19px

Options