ရာဇဝင်ချုပ်ဒုတိယစောင် 18:1-8
1
ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့် စည်းစိမ် ဥစ္စာများ၍၊ အာဟပ်မင်းနှင့် အမျိုးဆက်လေ၏။
2
နောက်တဖန်ရှမာရိမြို့၊ အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလရှင်ဘုရင်အာဟပ်သည် ယုဒရှင်ဘုရင်ယောရှဖတ်နှင့်၊ သူ၏လူတို့အဘို့ များစွာ သော သိုးနွားတို့ကိုစီရင်၍၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ လိုက်စေခြင်းငှါ၊
3
ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ လိုက်မည် လောဟုမေးလျှင်၊ ယောရှုဖတ်က၊ ငါသည် မင်းကြီးကဲ့သို့ ၎င်း၊ ငါသူတို့သည် မင်းကြီး၏လူကဲ့သို့ဖြစ်လျက်၊ မင်းကြီး နှင့်ဝိုင်း၍ စစ်တိုက်မည်ဟု ပြန်ပြော၏။
4
တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊
5
ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေ ကောင်းသလောဟု မေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက် ကြ၏။
6
ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက်တစုံတပါးမျှမရှိသလောဟု မေးသော်၊
7
ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်၊ ဣမလသားမိက္ခာ ရှိသေး၏။ သို့ရာတွင်။ ထိုသူကိုငါမုန်း၏။ ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ အစဉ်ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က၊ ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။
8
ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင် အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။
Settings