Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 11:5-12

ရာဇဝင်ချုပ်ဒုတိယစောင် 11:5-12

5
ရောဗောင်သည် ယေရုရှလင်မြို့၌နေ၍၊ ယုဒပြည် ၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင်၊
6
ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊
7
ဗက်ဇုရမြို့၊ ရှောကောမြို့၊ အဒုလံမြို့၊
8
ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊
9
အဒေါရိမ်မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊
10
ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့တည်း ဟူသော ယုဒခရိုင် နှင့်ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သော မြို့တို့ကို ပြုစုလေ၏။
11
ရဲတိုက်များကိုလည်း ခိုင်ခံ့စေ၍၊ အကြီးအကဲ နှင့်တကွ ဆီ၊ စပျစ်ရည်များ၊ ရိက္ခာများကို သိုထားလေ၏။
12
ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသည် အမှုတော် ကို ထမ်းရွက်သောကြောင့်၊ မြို့အသီးအသီးတို့၌ ဒိုင်းလွှား လှံလက်နက်များကို ထား၍ အလွန်ခိုင်ခံ့စေ၏။
Settings

Reading Style

Typeface

Font Size 19px

Options