Skip to content
ဓမ္မရာဇဝင်တတိယစောင် 7:27-36

ဓမ္မရာဇဝင်တတိယစောင် 7:27-36

27
တဖန်အလျားလေးတောင်၊ အနံလေးတောင် အမြင့်သုံးတောင် ပမာဏရှိသော ကြေးဝါခုံတဆယ်ကို လုပ်လေ၏။
28
ထိုခုံပုံသဏ္ဌာန်ဟူမူကား၊ ခုံပတ်လည်၌ အနား ရစ်အဆင့်ဆင့်ရှိ၍ အနားရစ်ကြားမှာ၊
29
ခြင်္သေ့၊ နွား၊ ခေရုဗိမ်အပြောက်ရှိ၏။ အနားရစ် အပေါ်မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့နှင့်နွားအောက် ၌လည်း အပြောက်မျိုးရှိ၏။
30
ခုံတခု၌ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုး နှင့်တကွရှိ၏။ အင်တုံတင်စရာဘို့ ခုံလေးထောင့်၌ပခုံး တို့ကို ခုံနှင့်တစပ်တည်း သွန်းလေ၏။
31
အင်တုံဝ၌ပါသော အကွပ်သည် အကျယ်တတောင်ရှိ၏။ အဝသည် ဝိုင်း၍ အချင်းတတောင်ထွာ ရှိ၏။ စတုရန်းလေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။
32
ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာနေရာ ကျလျက်၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက်၊ ဘီးအမြင့် တတောင်ထွာရှိ၏။
33
ဘီးပုံကား ရထားဘီးနှင့်တူ၏။ ဝင်ရိုး၊ ဝင်ရိုး အိမ်၊ အကန့်၊ အကွပ်များကို သွန်းလေ၏။
34
ခုံလေးထောင့်၌ တစပ်တည်းသွန်းသော ပခုံး လေးခုရှိသဖြင့်၊
35
ထိုပခုံးပေါ်မှာလုံးပတ်တထွာရှိသော ကွင်းကို တပ်၍၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့် တစပ်တည်း သွန်းလေ၏။
36
ကိုင်စရာမျက်နှာနှင့် ခုံမျက်နှာပြင်၌ ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီး အသီးထင်ပေါ်လျက်ရှိ၏။
Settings

Reading Style

Typeface

Font Size 19px

Options