Skip to content
ဓမ္မရာဇဝင်တတိယစောင် 11:1-13

ဓမ္မရာဇဝင်တတိယစောင် 11:1-13

1
ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။
2
ထာဝရဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။
3
မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမ မိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ၏။
4
ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။
5
ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊
6
ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံး မဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။
7
ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။
8
မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့၍၊ ယဇ် ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု၏။
9
အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရ မည်အကြောင်း ပညတ်တော်မူသောဘုရား၊နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ၊
10
ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူသော စကားကိုနားမထောင်သောကြောင့်၊ ထာဝရ ဘုရားအမျက်ထွက်တော်မူလျက်၊
11
သင်သည်ဤသို့ပြု၍ ငါဖွဲ့သော ပဋိညာဉ်နှင့် ငါမှာထားသော တရားကိုမစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နှုတ်၍ သင့်ကျွန် အား ပေးမည်။
12
သို့ရာတွင် သင့်အဘဒါဝိဒ်၏မျက်နှာကို ထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏ သားလက်မှ နိုင်ငံတော်ကို နှုတ်မည်။
13
သို့သော်လည်း တနိုင်ငံလုံးကိုမနှုတ်။ ငါ့ကျွန် ဒါဝိဒ်နှင့်ငါ ရွေးကောက်သော ယေရုရှလင်မြို့ကို ထောက်၍၊ သင့်သားအား ခရိုင်တခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options