Zin အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ၏။
သက္ကရာဇ်လေးဆယ်၊ ပဌမလ၌ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ သင်္ဂြိုဟ် လေ၏။
အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘစမ်းရေအနား၌ ရုန်းရင်းခတ်ပြု ကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက် ပြု၍၊ သူတို့ရှေ့မှာ ငါ့ကို မရိုမသေပြုသော အပြစ်ရှိ သည်ဟု မောရှေအား မိန့်တော်မူ၏။
ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စားခန်းချကြ၏။
တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား၌ ရှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
တောင်ဘက်အပိုင်းအခြားသည် တောင် မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇ ရဒ္ဒါရွာ၊ အာဇမုန်ရွာကိုရှောက်သဖြင့်၊
အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာ ဒေရှရွာ၊ မေရိဘစမ်းရေအနား၌ ဣသရေလအမျိုးသား တို့ရှေ့မှာ ငါ့ကို မရိုမသေပြု၍ ပြစ်မှားကြပြီ။
ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက် နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှ စ၍ ဇိနတောဖြစ်သော၊
တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကို ရှောက် လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာ နား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာ ရွာ၊