အကြောင်းအရာသို့ ကျော်သွားရန်

Zeruiah အကြောင်း ကျမ်းစာအခန်းငယ်များ: Mother of three of David's great soldiers

7 အခန်းငယ် · 2 ရှုထောင့်

Mother of three of David's great soldiers အကြောင်း အခန်းငယ်များ

  1. ဇေရုယာသားသုံးယောက်၊ ယွာဘ၊ အဘိရှဲ၊ အာသဟေလပါကြ၏။ အာသဟေလသည်တော၌ ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန်၏။

  2. ငါသည်ဘိသိတ်ခံရ၍ ရှင်ဘုရင်ဖြစ်သော်လည်း ယနေ့အားနည်း၏။ ဇေရုသားဖြစ်သော ဤသူတို့သည် ငါ့ထက်လွန်၍ အားကြီးကြ၏။ မတရားသဖြင့် ပြုသော သူကို မိမိအပြစ်နှင့်အလျောက် ထာဝရဘုရား ပေးဆပ် တော်မူစေသတည်းဟု မိမိကျွန်တို့အား မိန့်တော်မူ၏။

  3. ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင်၊

  4. ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲပါလေ စေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြုသနည်းဟု အဘယ်သူဆိုရမည်နည်းဟူ၍၎င်း၊

  5. ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကို ရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကို ရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ထာဝရဘုရားမှာထားတော်မူပြီ။

  6. အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ၌ အာမသကို ခန့်ထား၏။ အာမသကား၊ ယွာဘ အမိ ဇေရုယာ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ၏သား ဖြစ်သတည်း။

  7. သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်း သုံးယောက်တည်း။