Skip to content

Zeresh အကြောင်း ကျမ်းစာအခန်းငယ်များ

6 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊

  2. မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများ ကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍ မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊

  3. မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတပါး၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူမဝင်စေ။ နက်ဖြန်နေ့၌လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကို ဘိတ်ပြန်၏။

  4. သို့ရာတွင်၊ ယုဒလူမော်ဒကဲသည် နန်းတော် တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလ ပတ်လုံး၊ ယခုဘော်ပြသမျှတို့သည် ငါ၌ ကျေးဇူးမရှိဟု ဆို၏။

  5. ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်း ရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချစေ မည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက် မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲ ချတိုင်ကို လုပ်စေ၏။

  6. မိမိ၌ဖြစ်လေသမျှကို မယားဇရက်နှင့် အဆွေ ခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက် နှင့် ဟာမန်၏ အဆွေပညာရှိတို့ကလည်း၊ ကိုယ်တော် ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ် တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည် ဟု ပြန်ပြောကြ၏။