အကြောင်းအရာသို့ ကျော်သွားရန်

Warfare of Saints အကြောင်း ကျမ်းစာအခန်းငယ်များ: Over death and the grave

5 အခန်းငယ် · 73 ရှုထောင့်

Over death and the grave အကြောင်း အခန်းငယ်များ

  1. သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့် မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ် တော်၏လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။

  2. ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါ လိမ့်မည်။ ငါ၏အသေကောင်တို့သည်လည်း ထမြောက် ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့၊ နိုး၍သီချင်းဆို ကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ ဖြစ်၍၊ မြေသည် လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည်။

  3. သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ် မည်။ သေမင်းလက်မှလည်း ရွေးမည်။ အိုသေမင်း၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာနိုင်ငံ၊ သင်၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်း ကို ပမာဏမပြု။

  4. ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်။

  5. အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။