အကြောင်းအရာသို့ ကျော်သွားရန်

Warfare of Saints အကြောင်း ကျမ်းစာအခန်းငယ်များ: By faith

7 အခန်းငယ် · 73 ရှုထောင့်

By faith အကြောင်း အခန်းငယ်များ

  1. ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကိုဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊

  2. မီးအရှိန်ကိုငြိမ်းစေခြင်း တားလက်နက်ဘေးနှင့်ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။

  3. မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။

  4. အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်း ကို ခံရကြ၏။

  5. ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ် မျက်ခြင်းခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည် ရကြ၏။

  6. ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။

  7. ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။