Vineyards အကြောင်း ကျမ်းစာအခန်းငယ်များ: Frequently let out to husbandmen
Frequently let out to husbandmen အကြောင်း အခန်းငယ်များ
ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ်စောင့်တို့၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။
အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။