Vineyards အကြောင်း ကျမ်းစာအခန်းငယ်များ: Provided with the apparatus for making wine
Provided with the apparatus for making wine အကြောင်း အခန်းငယ်များ
မြေကိုတူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော် မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက်၍၊ စပျစ်သီးနယ် ရာကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော်၊ ဗောရှသီး ကို သီးပါသည်တကား။
အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။