အကြောင်းအရာသို့ ကျော်သွားရန်

Unfaithfulness အကြောင်း ကျမ်းစာအခန်းငယ်များ

106 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှါ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။

  2. ထိုသူသည် ငယ်သားကိုဘမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။

  3. နောက်တဖန်အခြားသော ငယ်သားကိုသူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ် သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အယှက်ခွဲပြီးမှ လွှတ်ချလိုက်ကြ၏။

  4. အခြားသောသူငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့ကိုရိုက်ကြ၏။ အချို့တို့ကိုသတ်ကြ၏။

  5. ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတယောက်တည်းရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။

  6. ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့ သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊

  7. ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှသတ်၍ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ၏။

  8. သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင် ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။

  9. တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင် တ ပင်ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်းမတွေ့။

  10. ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကိုနှောင့်ရှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။

  11. အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍ နောက်ချေးကို ဖို့ပါမည်။

  12. အသီးသီးကောင်း သီးပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့် တော်မူ၏။

  13. အမတ်တယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား၏။

  14. မသွားမှီ မိမိငယ်သားတကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန်၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ၏။

  15. ပြည်သားအချို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။

  16. ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီး အသီးအဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှါ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။

  17. ပဌမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ် အမြတ်ရပါ ပြီဟု လျှောက်လျှင်၊

  18. သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုး လော့ဟု မိန့်တော်မူ၏။

  19. ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင်၊

  20. သခင်က၊ သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့ဟု မိန့်တော်မူ၏။

  21. အခြားသော သူသည်လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ထုပ်ထားသော ကိုယ်တော်၏ ငွေတပိဿာ ရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊

  22. ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ရိတ်တတ်သည်ကို အကျွန်ုပ် ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင်၊

  23. သခင်က၊ ဆိုးညစ်သောငယ်သား၊ သင်၏ စကားကိုသာလိုက်၍ သင်၏အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်ပျိုးသော လယ်၌ရိတ်သည်ကို သင်သိသည်မှန်လျှင်၊

  24. ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်း နှင့် အဘိုးကို ရနိုင်သည်ဟု မိန့်တော်မူပြီးသော်၊

  25. အခြွေအရံတို့အား၊ ငွေတပိဿာကို သူ့လက်မှ နှုတ်ကြ။ အခွက်တဆယ်ရှိသောသူအား ပေးကြဟု မိန့် တော်မူ၏။