Tribe Of Ephraim အကြောင်း ကျမ်းစာအခန်းငယ်များ: Offering of, at the dedication
Offering of, at the dedication အကြောင်း အခန်းငယ်များ
သတ္တမနေ့၌ ဧဖရိမ်အမျိုးတွင် မင်းဖြစ်သော အမိဟုဒ်သား ဧလိရှမာဆက်သော ပူဇော်သက္ကာဟူ မူကား၊
အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သောမုန့်ညက်၊
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်
မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို၊ အမိဟုဒ်သားဧလိရှာမာသည် ပူဇော် လေ၏။