The Wind အကြောင်း ကျမ်းစာအခန်းငယ်များ: The simoom or pestilential wind
The simoom or pestilential wind အကြောင်း အခန်းငယ်များ
ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်း ပေးမည်။ သူသည် သိတင်းကြား၍ မိမိပြည်သို့ ပြန်သွား လိမ့်မည်။ ထိုပြည်၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့၏ သခင်အား ပြန်ကြားကြလော့ ဟုပြောဆို၏။
ထိုညဉ့်တွင် ထာဝရဘုရား၏ ကောင်းကင် တမန်သည် ထွက်၍ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက် စောစောထချိန် ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင်ဖြစ်ကြ၏။
ထိုကာလ၌ ဤလူများနှင့် ယေရုရှလင်မြို့သား တို့ကို ရည်မှတ်၍ ဆိုရမည်ကား၊ ပူသောလေသည် တော၌မြင့်သောအရပ်က ငါ၏လူမျိုး သတို့သမီးထံသို့ လာလိမ့်မည်။ အမှော်လွင့်စေခြင်း၊ သန့်ရှင်းစေခြင်းငှါ လာသော လေမဟုတ်။