အကြောင်းအရာသို့ ကျော်သွားရန်

The Sidonians အကြောင်း ကျမ်းစာအခန်းငယ်များ

54 အခန်းငယ် · 30 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့သော်လည်း၊ ထိုမုဆိုးမတယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူ ဖြစ်သော မုတ်ဆိုးမတယောက်ရှိရာသို့ စေလွှတ်တော်မူ၏။

  2. ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ၍ မြေညီရာအရပ်၌ ရပ်တော်မူ၏။ တရား နာခြင်းငှါ၎င်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်။ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့ အရပ်ရပ်တို့က လာကြ သော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ၏။

  3. ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည်ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။

  4. နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ဆိုက်ကြပြီးလျှင်၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏ လုပ်ကျွေးပြုစခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။