အကြောင်းအရာသို့ ကျော်သွားရန်

The Sidonians အကြောင်း ကျမ်းစာအခန်းငယ်များ: Partaking with the other nations of God's judgments

8 အခန်းငယ် · 30 ရှုထောင့်

"The Sidonians" ကို ရှာဖွေရန်

Partaking with the other nations of God's judgments အကြောင်း အခန်းငယ်များ

  1. တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ် တဘက်၌ အစိုးရသောမင်းများ၊

  2. ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကို ရိတ်တတ်သော ပြည်သားရှိသမျှ၊

  3. အာရပ်မင်းအပေါင်း၊ တော၌နေ၍ အမျိုးမစစ် သော လူများကို အစိုးရသော မင်းအပေါင်း၊

  4. ဇိမရိမင်းအပေါင်း၊ ဧလံမင်းအပေါင်း၊ မေဒိမင်း အပေါင်း၊

  5. တပါးနှင့်တပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့်၊ မြေကြီးတပြင်လုံး၌ ရှိသမျှ သော လောကီနိုင်ငံ အပေါင်းပါကြသတည်း။ နောက်ဆုံး ၌ ရှေရှက်ရှင်ဘုရင်သောက်ရမည်။

  6. သင်တို့အလယ်သို့ ငါစေလွှတ်သော ထား ကြောင့် သောက်၍ ယစ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တဖန် မထကြနှင့်ဟု ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့။

  7. သူတို့သည် သောက်ခြင်းငှါ ထိုဖလားကို သင်၏ လက်မှမခံ၊ ငြင်းပယ်လျှင်လည်း၊ စင်စစ်သောက်ရကြ မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ပြန်ပြောလော့။

  8. ထားဘေး၌ အပ်သည်ဖြစ်၍၊ ထားဖြင့်သေသော သူတို့နှင့်အတူ လဲ၍သေရသောကြောင့်၊ သူကိုယ်တိုင်မှ စ၍ သူ၏ လူအလုံးအရင်းရှိသမျှတို့ကို ဆွဲကြလော့။