The Power of God အကြောင်း ကျမ်းစာအခန်းငယ်များ: Is the source of all strength
Is the source of all strength အကြောင်း အခန်းငယ်များ
ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူး တော်ကြောင့်သာ ဖြစ်၏။ကိုယ်တော်သည် ခပ်သိမ်းသော သူတို့ကို အုပ်စိုးတော်မူ၏။ ခွန်အား အစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသောသူတို့အား ကြီးမြတ် သော အခွင့်နှင့်ခိုင်ခံ့သော အခွင့်ကို ပေးပိုင်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။