The Power of God အကြောင်း ကျမ်းစာအခန်းငယ်များ: Incomparable
Incomparable အကြောင်း အခန်းငယ်များ
အို ထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကို ခံစဉ်တွင်၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။
လက်ျာလက်တော်ကို ဆန့်တော်မူသဖြင့်၊ သူတို့ကို မြေမြှုပ်လေ၏။
အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ် တော်ကျွန်အား တန်ခိုးအာနုဘော်တော်ကို၎င်း၊ အားကြီး သော လက်တော်ကို၎င်း ပြစပြုတော်မူပြီ။ ကိုယ်တော် စီရင်၍ တန်ခိုးတော်ကို ပြသည်အတိုင်း၊ ကောင်းကင် မြေကြီးပေါ်မှာ အဘယ်မည်သော ဘုရားပြုနိုင်ပါ သနည်း။
သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။