The Plague or Pestilence အကြောင်း ကျမ်းစာအခန်းငယ်များ: The Jews sought deliverance from, by prayer
The Jews sought deliverance from, by prayer အကြောင်း အခန်းငယ်များ
ပြည်တော်၌ အစာအာဟာရခေါင်းပါးသော်၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍ သေသော်၎င်း၊ အရာဘကျိုင်း၊ ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်၎င်း၊ ဘေးဥပဒ်၊ အနာရောဂါတစုံတခု ရောက်သောအခါ၊
ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍၊ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင်၊
အကျွန်ုပ်တို့အပေါ်မှာထားဘေး၊ ဒဏ်ခတ်ခြင်း ဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတစုံတခု ရောက်၍၊ နာမတော်ဖြင့်သမုတ်သောဤ အိမ်တော်၊ အထံတော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲ ဒုက္ခကြောင့် အော်ဟစ်ကြသောအခါ၊ နားထောင်၍ ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီ။