The Plague or Pestilence အကြောင်း ကျမ်းစာအခန်းငယ်များ: Specially fatal in cities
Specially fatal in cities အကြောင်း အခန်းငယ်များ
ငါ့ပဋိညာဉ်ဘက်၌ နေ၍၊ တရားစီရင်ရသော ထားဘေးကိုသင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည် မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ ရောက်စေမည်။
ဤမြို့၌နေသော လူသတ္တဝါတိရစ္ဆာန်တို့ကို ငါသည် ဒဏ်ခတ်၍၊ ပြင်းစွာသောကာလနာဖြင့် သေရ ကြလိမ့်မည်။
ဤမြို့ထဲမှာနေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာခြင်းဘေးဖြင့် သေလိမ့်မည်။ မြို့ပြင်သို့ထွက်၍၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသော သူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။