Skip to content

The Ishmaelites အကြောင်း ကျမ်းစာအခန်းငယ်များ: Gideon

15 အခန်းငယ် · 30 ရှုထောင့်

Gideon အကြောင်း အခန်းငယ်များ

  1. ထိုအခါ ထားကိုင်သော လူတသိန်းနှစ်သောင်း သေသောကြောင့်၊ အရှေ့မျက်နှာအရပ်သားအပေါင်း တို့တွင် ကျန်ကြွင်းသော လူတသောင်းငါးထောင်ခန့်မျှသာပါလျက်၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့၌ ရှိကြ၏။

  2. ဂိဒေါင်သည် နောဗာမြို့၊ ယုဗ္ဗေဟမြို့အရှေ့၊ တဲ၌ နေသူတို့လမ်းဖြင့် ချီသွား၍၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့်၊

  3. မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ၊ ဂိဒေါင်သည် လိုက်၍ တပ်ကို ဖျက်လေ၏။

  4. ယောရှသားဂိဒေါင်သည် နေမထွက်မှီ စစ်တိုက်ရာမှ ပြန်လာ၍၊

  5. သုကုတ်မြို့သား လုလင်တယောက်ကို ဘမ်းမိ၍ မေးစစ်လျှင်၊ ထိုသူသည် သုကုတ်မြို့အရာရှိ၊ အသက်ကြီးသူခုနစ်ဆယ်ခုနစ်ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြောလေ၏။

  6. ဂိဒေါင်သည်လည်း၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ၍၊ သင်တို့က၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ရှိသလောဟု ငါ့ကို ကဲ့ရဲ့၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက်၊

  7. ထိုမြို့၌ အသက်ကြီးသူတို့ကို ခေါ်၍ တောဆူးပင်အမျိုးမျိုးနှင့် သုကုတ်မြို့သားတို့ကို ဆုံးမလေ၏။

  8. ပေနွေလမြို့ ရဲတိုက်ကိုလည်း ဖြိုဖျက်၍ မြို့သားတို့ကို ကွပ်မျက်လေ၏။

  9. ထိုအခါ ဇေဘဟနှင့် ဇာလမုန္နတို့အား တာဗော်မြို့မှာ သင်တို့ သတ်ခဲ့သော သူတို့သည် အဘယ်သို့ သော သူဖြစ်သနည်းဟု မေးမြန်းသော်၊ ထိုသူတို့က၊ ကိုယ်တော်ဖြစ်သကဲ့သို့ သူတို့ရှိသမျှသည် ဖြစ်၍၊ ရှင်ဘုရင်သား၏ အဆင်းအရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြောသော်၊

  10. ဂိဒေါင်က၊ ထိုသူတို့သည် ငါ့အမိ၏သား၊ ငါ့ညီဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင်၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည် ဟု၊

  11. မိမိသားဦးယေသာအား၊ ဤသူတို့ကို ထ၍ သတ်လော့ဟုဆိုသော်လည်း၊ သားသည် အသက်အရွယ် ငယ်သောကြောင့်၊ ထားကို မဆွဲမထုတ်ဘဲ နေ၏။

  12. ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း၊ ကိုယ်တော်တိုင်ထ၍ ငါတို့ကို လုပ်ကြံလော့။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင်သည် ထ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့်၊ သူတို့ ကုလားအုပ်၏ လည်ပင်း၌ ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ၏။

  13. ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သော ကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆို ကြသော်၊

  14. ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကို အုပ်စိုးတော်မူရ၏ဟူ၍၎င်း၊

  15. သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ၍ ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း၊ ငါတောင်းချင် သည်ဟူ၍၎င်း ဆိုလေ၏။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ်၍ ရွှေနားတောင်းကို ဆင်တတ် ကြသတည်း။