The Anger of God အကြောင်း ကျမ်းစာအခန်းငယ်များ: Sin, in saints
Sin, in saints အကြောင်း အခန်းငယ်များ
သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကို မကျင့်၊
ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ် တို့ကို မစောင့်ဘဲနေလျှင်၊
ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့် ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။
အမျက်တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့ သည် ပျက်စီးခြင်းသို့ ရောက်ကြပါ၏။ စိတ်တော်မပြေသော ကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်း ရှိကြပါ၏။
အကျွန်ုပ်တို့၏ ဒုစရိုက်များကို ရှေ့တော်၌၎င်း၊ ဝှက်ထားသော အကျင့်များကို မျက်နှာတော်အလင်း ထဲ၌၎င်း၊ လှန်ထားတော်မူ၏။
အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသော ကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။