အကြောင်းအရာသို့ ကျော်သွားရန်

The Anger of God အကြောင်း ကျမ်းစာအခန်းငယ်များ: Manifested in terrors

6 အခန်းငယ် · 43 ရှုထောင့်

"The Anger of God" ကို ရှာဖွေရန်

Manifested in terrors အကြောင်း အခန်းငယ်များ

  1. ယာကုပ်အမျိုး၏ ဘုရားခင်၊ ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့်၊ ရထားစီးသောသူနှင့် မြင်းစီးသော သူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ၏။

  2. ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက်ထွက်တော်မူသောအခါ၊ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။

  3. ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသား အပေါင်းတို့ကို ကယ်တင်၍၊

  4. အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။

  5. လူအကြီးအငယ်တို့သည် လမ်း၌မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့၌၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ။

  6. ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။