အကြောင်းအရာသို့ ကျော်သွားရန်

Teraphim အကြောင်း ကျမ်းစာအခန်းငယ်များ: Condemned and disposed of by Jacob

8 အခန်းငယ် · 3 ရှုထောင့်

Condemned and disposed of by Jacob အကြောင်း အခန်းငယ်များ

  1. ရာခေလက၊ သခင်ရှေ့မှာ ကျွန်မမထနိုင်သည် ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ ဖြစ်မြဲရှိသည် အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်ဟု အဘအား ဆိုလေ၏။ ထိုသို့လာဗန်သည် ရှာဖွေ၍ ရုပ်တုတို့ကိုမတွေ့ရ။

  2. ထိုအခါ ယာကုပ်သည် စိတ်ဆိုး၍ လာဗန်ကို ဆုံးမသည်ကား၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း။

  3. ကျွန်ုပ်ဥစ္စာရှိသမျှကို ရှာဖွေသည်ဖြစ်၍၊ သင်၏ ဥစ္စာပရိကံ တစုံတခုကို တွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ကျွန်ုပ်ညီအစ်ကိုတို့ ရှေ့တွင်၊ ဤအရပ်၌ထားပါ။ သူတို့ သည်၊ ငါတို့နှစ်ယောက်စပ်ကြားမှာ စီရင်ပါစေ။

  4. ကျွန်ုပ်သည် သင့်ထံ၌ အနှစ်နှစ်ဆယ်ပတ်လုံး နေရာတွင်၊ သင်၏သိုးမ၊ ဆိတ်မတို့သည် ဝမ်းပိုးမပျက်။ ဆိတ်ထီး၊ သိုးထီးတို့ကို ကျွန်ုပ်မစား။

  5. သားရဲ ကိုက်သတ်သော အကောင်ကိုသင့်ထံသို့ ကျွန်ုပ်မဆောင်ခဲ့၊ ကိုယ်အရှုံးခံရ၏။ နေ့မှာ ခိုးသည် ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။

  6. ထိုအခါယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ် ကြလော့။ အဝတ်ကို လဲ၍ သန့်ရှင်းခြင်း ရှိစေကြလော့။

  7. ယခုထ၍ ဗေသလအရပ်သို့သွားကြစို့။ ငါသည် ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ ကြွတော်မူသော ဘုရားသခင်အဘို့ ထိုအရပ်၌ ယဇ်ပလ္လင် ကို ငါတည်မည်ဟု ဆိုလေ၏။

  8. သူတို့သည်လည်း၊ မိမိတို့၌ပါသော တပါး အမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သော နားပန်တန်ဆာ ရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင် ရှိသော သပိတ်ပင် အောက်၌ မြှုပ်ထားလေ၏။