Skip to content

Summer အကြောင်း ကျမ်းစာအခန်းငယ်များ: Fruits of

10 အခန်းငယ် · 20 ရှုထောင့်

Fruits of အကြောင်း အခန်းငယ်များ

  1. ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ၊ မေဖိဗောရှက်၏ ကျွန်ဇိဘသည် ကုန်းနှီး တင်သောမြည်းနှစ်စီးနှင့်တကွ၊ မုန့်လုံးနှစ်ရာ၊ စပျစ်သီး ခြောက်အပြွတ်တရာ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည်ဘူတလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။

  2. ရှင်ဘုရင်ကလည်း၊ အဘယ်သို့ပြုခြင်းငှါ ဤဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင်၊ ဇိဘက၊ မြည်း တို့သည် နန်းတော်သားများ စီးဘို့၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဘို့၊ စပျစ်ရည်သည်လည်း တော၌မော သောသူများသောက်ဘို့ ဖြစ်ပါသည်ဟု လျှောက်၏။

  3. ထို့ကြောင့်၊ ယာဇာမြို့အတွက်မျက်ရည်ကျသ ကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။

  4. ကြွယ်ဝသော ချိုင့်ဦးတွင်၊ သူတို့၌ ညှိုးနွမ်းတတ် သော ဘုန်းအသရေ၏ ပန်းပွင့်သည်၊ နွေကာလ မစေ့မှီ အလျင် သီးသောအသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့် ကိုင်လျက်ပင်စား တတ်၏။

  5. ငါမူကား၊ လာလတံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှါ မိဇပါမြို့မှာနေမည်။ သင်တို့မူကား၊ စပျစ်ရည်ကို၎င်း၊ နွေကာလအသီးကို၎င်း၊ ဆီကို၎င်း သိမ်း၍အိုး၌သိုထားကြလော့။ ယခု ဝင်ပြန်သောမြို့ရွာ တို့၌နေကြလော့ဟူ၍၊ ထိုသူတို့အား သစ္စာပြုလေ၏။

  6. နှင်ထုတ်ရာပြည်အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်။ ဂေဒလိရှိရာမိဇပါမြို့သို့ရောက်သဖြင့်၊ များစွာ သော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။

  7. အိုစိဗမာစပျစ်နွယ်ပင်၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက်၊ သင့်အတွက် ငါသည် မျက်ရည် မျက်ရည်ကျမည်။ သင်၏အညွန့်တို့သည် ပင်လယ်ကိုလွန်၍၊ ယာဇာပင် လယ်တိုင်အောင်ရောက်ကြ၏။ ဖျက်ဆီးသောသူသည် သင်၏သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ၏။

  8. တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ နွေကာလအသီးပါသော တောင်းသည် ထင်ရှား၏။

  9. အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ နွေကာလအသီးပါသော တောင်းကို မြင်ပါသည်ဟု ငါလျှောက်သော်၊ ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလ အမျိုး၌ ရောက်လေပြီ။ နောက်တဖန် သူတို့ကို သည်းမခံ။

  10. ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့၎င်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့၎င်း ငါဖြစ်၏။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ၏။