အကြောင်းအရာသို့ ကျော်သွားရန်

Strangers in Israel အကြောင်း ကျမ်းစာအခန်းငယ်များ: To have the gleaning of the harvest

6 အခန်းငယ် · 33 ရှုထောင့်

To have the gleaning of the harvest အကြောင်း အခန်းငယ်များ

  1. ကိုယ်စပျစ်သီးကိုလည်း အကုန်အစင် မသိမ်းရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မဆွတ်ရ။ ထိုအသီးကို ဆင်းရဲသောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။

  2. ကိုယ်မြေ၌ ဖြစ်သောစပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ ဧည့်သည်အာဂန္တု အဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

  3. သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ် သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍ မယူရ။ သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်ကို ကောင်းကြီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။

  4. သင်၏သံလွင်သီးကို ရိုက်ချွေသောအခါ၊ ကျန် ကြွင်းသောအသီးကို ပြန်၍ မရိုက်ချွေရ။ တပါးအမျိုး သား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။

  5. သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူ သောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်း သောအသီးသည် တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ဖြစ်ရမည်။

  6. သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့ရမည်။ ထို့ကြောင့် ဤပညတ်ကို ငါထား၏။