Strangers in Israel အကြောင်း ကျမ်းစာအခန်းငယ်များ: Not to eat blood
Not to eat blood အကြောင်း အခန်းငယ်များ
ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။
ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။