Spoils အကြောင်း ကျမ်းစာအခန်းငယ်များ: Of war
Of war အကြောင်း အခန်းငယ်များ
အောင်သောမင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသော ဥစ္စာနှင့် မြို့ရိက္ခာ ရှိသမျှတို့ကို ယူ၍သွားကြ၏။
သောဒုံမြို့၌နေသော အာဗြံအစ်ကိုသား လောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွား အစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။
မိဒျန်အမျိုးသားတို့ နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။
တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ၏။