အကြောင်းအရာသို့ ကျော်သွားရန်

Seed အကြောင်း ကျမ်းစာအခန်းငယ်များ: Illustrative

5 အခန်းငယ် · 39 ရှုထောင့်

"Seed" ကို ရှာဖွေရန်

Illustrative အကြောင်း အခန်းငယ်များ

  1. နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။

  2. ကိုယ်အဘို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲ၍၊ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေး သော လယ်ကို ထွန်ကြလော့။ ထာဝရဘုရားသည် ကြွလာ ၍၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်း မိုဃ်းကို ရွာစေ တော်မမူမှီတိုင်အောင်၊ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။

  3. အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။

  4. အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။

  5. မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။